Thursday, August 29, 2013

ကျန်းမာတော်မူကြပါစ စာအုပ်မျက်နှာ ကမ္ဘာ

ဘဝတစ်ခုလုံးကို Status တင်ထားပြီးမှတော့ Like လုပ်မယ့်သူလည်း မမျှော်လင်တော့ပါဘူး . . . (ရိုးသားမှုဟာ သေမိန့်ကျခံလိုက်ရပြီးနောက်ပေါ့) မထိတထိ မသိမသာ ပြောဆိုမှုများအတွက် Comment ကို သုံးပါ (စိတ်အလိုပြည့်ဝမှုကို အနည်းငယ်သာ ခံစားရနိုင်ပါတယ်) သင့်ရဲ့အတိတ်ကို ပြန်လည်ရှာဖွေဖို့ Notification မှာ သင့်ပစ္စုပ္ပန်ကို အသုံးပြုပါ (တခါတခါ အနာဂတ်တွေကိုပါ လက်လွှတ်လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်) သိသိသာသာ ထိထိမိမိ တိုက်ရိုက် ပြောဆိုမှုများအတွက် Message Box ကို သုံးပါ (အခန့်မသင့်လျှင် အမြင်ကတ်ခြင်း ခံရနိုင်ပါတယ်) သင့် အလိုကျမှုများကို အများသူများ သိရှိစေရန်အတွက် Share ခလုတ်ကို ဖိလိုက်ပါ (လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ အတိအကျ ထပ်မံဖော်ပြနို်င်ပါတယ်) သင့် ပေါင်ကို သင်ကိုယ်တိုင် လှန်မထောင်းမိစေရန်တော့ Tag ၏ အလုပ်လုပ်ပုံကို သေချာလေ့လာသင့်ပါတယ် (အကြံပြုခြင်း သက်သက် ထည့်ဝင်ဖော်ပြပါတယ်) သင့် အလိုမကျမှုများအတွက်တော့ Hide Post သာ ပြုလုပ်ထားလိုက်ပါ (သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်) လတ်တလော စိတ်လိုလက်ရ မရှိမှုများ ပပျောက်သွားစေဖို့အတွက်ဆိုရင်တော့ Unfriend ကို အသုံးပြုနိုင်ပါတယ်။ (အသံမပါသော အသံများကိုတော့ ဆက်လက်ကြားနေနိုင်ပါတယ်) ဒုတ်တွေ ဓါးတွေ မဆွဲ မအေ ညီမ အဆဲ မခံရနိုင်ဖို့အတွက်တော့ Block ကို အတိအကျ အသုံးပြုပါ။ (၁၀၀% အကာအကွယ် သုံးကဲ့သို့ စိတ်ချယုံကြည်နိုင်ပါတယ်) ထို့ကြောင့် သင်၏ Add Friend ကို စေ့စပ်သေချာစွာ အသုံးပြုနိုင်ပေမယ့် ၊ သင့် Friend Request အား Profile Check Up ပြုလုပ်ပြီးမှသာ အတည်ပြုလက်ခံအသုံးပြုပါရန် (ထို့အတွက် သင့်ပတ်ဝန်းကျင်အား အကူအညီတောင်းခံ နိုင်ပါသည်) ရေးလက်စအကြောင်းအရာများအား ဘယ်ကနေ စလို့ စမှန်း မသိခဲ့ပေမယ့် အဆုံးသတ်သင့်ပြီးထင်လို့ ဒီနေရာမှာ အပြီးသတ်လိုက်ပါတယ်။ (MS Word ၏ Close Button အား နှိပ်၍ Do you want to save the changes to Document? မှာ Yes ကို ရွေးလိုက်ပါတယ်)