Friday, February 1, 2013

အလွမ်းသင့်ရှိုက်သံသဲ့သဲ့




ကော်ဖီခွက် ဖြူဖြူလေးမှာ
သူ့လက်ချောင်းလေးတွေ ပြန်ရှာမတွေ့တော့ဘူး
သူ့ကိုယ်သင်းနံ့လေးတွေ ပြန်မရတော့ဘူး
ရှည်ရှည်လာတဲ့ ဆံပင်တွေကို ရန်ထောင်ဖို့
သူ့မျက်စောင်းလှလှလေးလည်း မရှိတော့ဘူး
သူ့နှုတ်ခမ်းပါးလျလျလေးလည်း မတွေ့တော့ဘူး
ပြန်လည်တမ်းတခွင့်ဟာ
တစ်စစီစုတ်ဖြဲလွှင့်ပစ်ခဲ့တဲ့ အမှတ်တရတွေနဲ့
နှုတ်ခမ်းကို ဖိဖိကိုက်ရင်း နာကျင်လို့ပေါ့
ဘုရားမုဒ်ဦးက ဇွန်ပန်းရောင်းနေကျ ကလေးမလေး
ဘုရားရင်ပြင်တော်ပေါ်မှာ ထင်ကျန်နေတဲ့ အရိပ်များ
ကိုယ့်လက်ဖဝါးကို ပွတ်သပ်ကြည့်ရင်း
ပုတ်ခတ်ပုတ်ခတ် မျက်ဝန်းတွေနဲ့
ကောင်းကင်ကြီးကို ဝန်ချတောင်းပန်လိုက်တော့
အတူတူ အစာကျွေးနေကျ ခိုလေးတွေလည်း
ဝရုန်းသုန်းကား ထပျံသွားကြ
မျက်တောင်တဖျတ်အခတ် ရနံ့တစ်ခုအရှိုက်မှာ
သွေးမထွက်တဲ့ ဒဏ်ရာတွေ ဗရပွနဲ့
ည ည
အ သက် ရှု မ ရ အောင် လွမ်း မိ တယ်။

ညီမင်းဝေ
1 Feb 2013
11 : 11 AM

1 comment:

  1. မျက်တောင်တဖျတ်အခတ် ရနံ့တစ်ခုအရှိုက်မှာ
    ည ည


    လှလိုက်တဲ့စာသားးးးးးးး

    ReplyDelete