ဖြတ်လျှောက်သွားတဲ့ လေပြေနွေးနွေးလေးမှာ
ကိုယ်သင်းရနံ့လေး ပြန်မရနိုင်တော့တာ သေချာပြီ
လွတ်ကျသွားတဲ့ စာသားလေးတစ်ပိုဒ်နဲ့
ဘယ်တော့မှ ဆိုတဲ့ သံစဉ်တေးတစ်ခုပဲ ကျန်ရစ်
တကယ့်ကို
မမွှေးပျံ့ နိုင်တော့မယ့် ပန်းလေးတစ်ပွင့်ရဲ့ ရင်ခုန်သံမှာ
ရွက်ကြွေဖြစ်ခွင့်တောင် မရခဲ့
ခြေချသံဖွဖွလေးရဲ့လမ်းပေါ်မှာတော့
နေရောင်ခြည်ဟာ
သူအချိန်နဲ့သူ
လျှောက်ပြန်သံပေး လုပ်နေဦးမယ်။
ညီမင်းဝေ
ႏုရြေနတာပါလား :D
ReplyDelete