ခွဲခွာခြင်းဟာ အဆိပ်မိနေတဲ့ ကျိန်စာ
လွင့်နေတဲ့စိတ်ကို ကြိုးတပ်ပေးလိုက်တော့
သတိရခြင်းက သူ့နဖူးလေးပေါ်မှာပဲ ဝဲတယ်။
ကံကြမ္မာဆိုတာ
ကိုယ်ချစ်တဲ့သူဆီသွားဖို့
ကိုယ့်လက်နဲ့တည်ဆောက်ထားတဲ့
တံတားတစ်စင်း
သစ္စာတရားကို ဗဟိုပြုလို့
တံတိုင်းတွေကို
ကိုယ်တိုင် တည်ဆောက်လိုက်ပါတယ်။
နာရီတွေ သေဆုံးသွားလည်း
နေရောင်ခြည်က အလှည့်ကျ ဖြာနေဦးမယ်
မနေ့က ဒဏ်ရာတွေ
အနာကျက်သွားခဲ့ရင်
မနက်ဖြန်မှာ
အလွမ်းကို ပန်းပန်ပေးဖို့
သူ့အပြုံးကို အလျော်လိုက်တောင်းမယ်
တခါတရံမှာ
အချစ်ဟာ
ဘာမှမသိလိုက်ပဲ
ချစ်သွားစေခဲ့ကြောင်း စကားတချို့နဲ့ ။ ။
ညီမင်းဝေ
2.1.2013
00:15 AM
No comments:
Post a Comment