နှုတ်မဆက်ချင်လည်း နှုတ်ဆက်လိုက်ရပြီ
မပြည့်ခဲ့တဲ့ဆုတွေအတွက်
ကြေကွဲမနေတော့ပါဘူး
အသစ်ဆိုတာ
နောင်တစ်ချိန်အတွက်အဟောင်းပါပဲ
ခုချိန်မှတော့
မမျှော်လင့်ရဲလဲ ဆက်ပြီးမျှော်လင့်နေရဦးမယ်
ကျီးလန့်စာစားနေရတာကိုက ဘဝပေးပဲ
မနက်ဖြန်တွေအတွက်
လက်ထဲမှာ ဓါးတစ်လက်အစား
ပန်းတစ်ပွင့်ကိုပဲ ငါကိုင်ထားမယ်
ကောင်းကင်မှာ
ဂျိုးဖြူငှက်တွေ တောင်ပံခတ်တဲ့ အထိ။
ညီမင်းဝေ
1.1.2013
1:39 AM
No comments:
Post a Comment