တမ်းတခြင်းမှာ
အမှတ်တရတွေက တပွေ့တပိုက်
အပိုင်းအခြားတစ်ခုဟာ ပြန်သွားခွင့်မပြုဖို့
နောက်ကျောကို
နံရံတွေနဲ့ တံတိုင်းခြားလိုက်ပြီ
ကြွေလွင့်သွားကြတဲ့ သစ်ရွက်လေးတွေရဲ့စကားသံမှာ
သံဝေဂဟာ ပျိုမျစ်နေမှာလား
အနာဂတ်ဟာ ဖူးသစ်ဝေမှာလား
မေခွန်းတွေမှာ
နောင်တတွေနဲ့ ခိုးခိုးဝှက်ရင်း ဖြေဖျောက်ရင်း
ရှေ့မှာ ဇာတ်ဝင်ခန်းအသစ်က ထပ်စောင့်နေပြန်ပြီ
နေသားတကျ ဘဝတွေအတွက်
ဓါးတွေထွက်မလာစေဖို့ဆုတောင်းနဲ့
တံခါးကို အသာအယာခေါက်လိုက်ပါတယ်
ကမ္ဘာမြေ . . .
အမှန်တကယ် ငြိမ်းချမ်းပါစေ။
ညီမင်းဝေ
22.12.2012
1:11 am
No comments:
Post a Comment