အသက်တွေ အခန်းဆက်မပါဘူး
မုသားတွေက ရက်မခြားတော့ဘူး
ဝံပုလွေတစ်ကောင်ရဲ့ စိတ်
ရှေ့ကိုရောက်ရောက်လာတိုင်း
ပျောက်ရှသွားတဲ့ ရိုးသားခြင်းကို
ငုံ့ ငုံ့ ပြီး ကုန်း ကုန်း ရှာနေရ
အမှန်တရားအတွက် ရေရွတ်ရင်း
ဘဝတွေကို ဘဝတွေနဲ့ ခုတ်ချ
မျှော်လင့်ခြင်းတွေ အတုန်းအရုန်း လဲကျ
သေဆုံးသွားသောအချိန်များ အစားမရ
ကြေမွသွားသော သစ္စာတရားများအတွက်
ပြန်လည် ရှင်သန်ခွင့်မရတဲ့နောက်
အတ္တနဲ့ ချနင်းခံ့ရတဲ့ လမ်းတွေမှာ
ခြေချသံ တစ်ချက်တိုင်း
နှလုံးသားက
တဆတ်ဆတ်နာရတယ်။
ညီမင်းဝေ
12.12.2012
အတ္တနဲ့ ချနင်းခံ့ရတဲ့ လမ်းတွေမှာ
ReplyDeleteခြေချသံ တစ်ချက်တိုင်း
နှလုံးသားက
တဆတ်ဆတ်နာရတယ်။