ဝါးလိုက်ထွေးထုတ်လိုက်နဲ့
ငြိမ်ချမ်းရေးလို့ဆိုတဲ့ သွေးအေးအေးပြက်လုံးအဆုံးမှာ
ငြိမ်းချမ်းရေးဟာ သွေးစိမ်းရှင်ရှင်စီးကျသွားတယ်။
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ သီချင်းသံဟာ
အသံအိုးထဲ တဝဲလည်လည် ပြန်ဝင်သွား
ကမ္ဘာပျက်မယ့် သတင်းစကားနဲ့အပြိုင်
ယမ်းစပေါက်ကွဲသံတွေကြားမှာ
ဘဝတွေ အပိုင်းပိုင်းပျက်နေကြပြီ
ရစ်ချစ်တာစကေး ပြင်းသော တိုက်ပွဲများ
ကျောက်စရစ်ခဲ မဟုတ်သော ကျည်ဆန်များအကြား
အသက်ဆိုတာ စားပွဲခုံအစပ်က ဂျိုးရုပ်လေးလို
သွေးဟာ နှင်းနဲ့ဝေတယ် အသက်တွေ မြူလိုဆိုင်းတယ်
မီးလင်းဖိုလေးဘေးမှာ ကျကျန်ခဲ့တဲ့ မိသားစုပုံလေးလည်း
တစုံတရာက ဆောင်းမှာနှင်းကိုဝှက်လိုက်သလိုမျိုး
ပျောက်ကွယ်သွားတယ်....။
ညီမင်းဝေ
20.12.2012
No comments:
Post a Comment