သူ့အသံလေး သဲ့သဲ့မှာ
ကောင်းကင်ကြီးလဲ
အညိုအမဲတွေစွဲလို့။
သူ့အထိလေး ငွေ့ငွေ့မှာ
မြေပြင်ကြီးလဲ
ထွန့်ထွန့်ကိုလူးလို့။
အခုလဲ
သူ့ကြောင့်ပေါ့
လက်ဖက်ရည်ခွက်ထဲ
အလွမ်းတွေ အရည်ပျော်ရင်း
လွင့်ဝဲနေတဲ့ မီးခိုးတွေကြား
အတိတ်တွေလည်း
တစ်ပွင့်ပြီးတစ်ပွင့်
ကြွေကြွေကျလို့။
ညီမင်းဝေ
10.10.2012
No comments:
Post a Comment