ဟိုး ရှေးရှေးတုန်းက
ဟိုး အချိန်တုန်းက
ဟိုး အရင်က
ဟိုး တခါတုန်းက
ဟိုး လို့ အော်ရင် ကားတောင်ရပ်သတဲ့
ဟိုး လို့ အော်ပြီး ဒီဘဝက မရပ်
ဟိုး ထားတဲ့ကြားက တွဲလောင်းခိုပြီး လိုက်လာတဲ့ သမုဒယ
ဟိုး ပြီးတာကို ဒဲ့ဝင်တိုက်တဲ့ ဒုက္ခ
ဟိုး ဟိုးကျော် နဲ့ ဟိုးလေးတကျော် ဘာတော်စပ်သလဲ မသိ
ဟိုး လို့ ထပ်ထပ် အော်
ဟိုး ပြီးရင်း ဟိုး
ဟိုး ဟိုးနဲ့ ပြန်မထနိုင်တဲ့ မနက်တွေ
ဟိုး ဟိုးနဲ့ ပြန်မဆွနိုင်တဲ့ အမြစ်တွေ
ဟိုး ဟိုးနဲ့ ပြန်မရနိုင်တဲ့ အသက်တွေ
ဟိုး ဆိုလို့ မက်ခွင့်မရတဲ့ အိပ်မက်က
ဟိုး အကြောင်းပြော
ဟိုး လို့ပြော
ဟိုး သည်ဆို၍ ဟိုး လိုက်သည်
ဟိုး ။ ။
ညီမင်းဝေ
ဟိုး လို့ ထပ်ထပ် အော်
ဟိုး ပြီးရင်း ဟိုး
ဟိုး ဟိုးနဲ့ ပြန်မထနိုင်တဲ့ မနက်တွေ
ဟိုး ဟိုးနဲ့ ပြန်မဆွနိုင်တဲ့ အမြစ်တွေ
ဟိုး ဟိုးနဲ့ ပြန်မရနိုင်တဲ့ အသက်တွေ
ဟိုး ဆိုလို့ မက်ခွင့်မရတဲ့ အိပ်မက်က
ဟိုး အကြောင်းပြော
ဟိုး လို့ပြော
ဟိုး သည်ဆို၍ ဟိုး လိုက်သည်
ဟိုး ။ ။
ညီမင်းဝေ
No comments:
Post a Comment