Tuesday, December 11, 2012

အဖြစ်အပျက်များသည် ထို့ကြောင့် သို့သော်လည်း ဆက်လက်၍


အသဲကွဲခြင်းက
အိပ်မှုန်စုံမွှားနဲ့
ခလုတ်လာတိုက်တော့
အချစ်ဆိုတာ သေမိန့်ကျမှ
ကြားတဲ့အသံ ဖြစ်သွားတယ်။
ဒီခရီးရော
နီးသလား ဝေးသလား
သွားနေပြီးမှ မစဉ်းစားသင့်ပါ။
အမုန်းနဲ့အချစ် ဓါတ်ပြုရင်း
နှလုံးသားအထိ ရောက်ချိန်
ဝေဒနာနှင့်ဒဏ်ရာကို
ဖြတ်ထုတ်ကုသလိုက်တော့
ဘဝက
တစ်ပတ်ပြီး တစ်ပတ်
လည်တယ်။
လောကဓံကလည်း
ဖြစ်ခြင်း ပျက်ခြင်းကြားမှာ
အငိုတစ်ဝက် အပြုံးမျက်နှာနဲ့
တစ်ရက်ပြီးတစ်ခါ ထပ်၍
ဆက်ဆက်လာနေလိမ့်ဦးမယ်။

ညီမင်းဝေ

No comments:

Post a Comment