သံသယဟာ အချစ်ကိုသတ်ဖို့
မာနနဲ့ စစ်ချီခဲ့တယ်
အတိတ်ကို အဆုံးစီရင်လို့
အလွမ်းတွေမသေမှန်း အချိန်တွေ မသိဘူး
ခွဲခွာခြင်းကို အောင်ပွဲတစ်ခုလို ခံယူရင်း
နောင်တကို အမှောင်ချပြီးဖြေခဲ့တော့
အနိုင်ယူလိုမှုတစ်ခုက
ပိုင်ဆိုင်မှုတစ်ခုကို စွန့်လွှတ်ခဲ့ရပြီ
မမွှေးတဲ့မီးက အတ္တနဲ့အတူ လောင်မြိုက်ရင်း
ဒေါသတွေရဲ့ တဒုန်းဒုန်းဖြတ်ချလိုက်ခြင်းတွေမှာ
နာကျည်းချက်တွေက ဒါဏ်ရာဗရပွနဲ့ နိုးထ
ဘဝဟာ
နှုတ်ခမ်းဖျားမှာ
ခဏခဏ အခါးခံရတယ်။
ညီမင်းဝေ
No comments:
Post a Comment