မေမေရေ
လောကကြီးက အပြစ်မရှိကြောင်း
မျက်ရည်ဆိုတာ ခမ်းခြောက်တတ်ကြောင်း
ဒုက္ခဆိုတာ ခေါ်သံကြားမှ လာကြောင်း
မိုးခေါင်ပေမယ့် ရေမရှားကြောင်း
သားချော့တေးလေး ဆိုညည်းတုန်းက
ငြိမ်းချမ်းခြင်းကို သား ရှာတွေ့ခဲ့ဘူးတယ်။
မေမေရေ
ရိုးသားခြင်းဟာ ပန်းလိုပွင့်ကြောင်း
မွှေးရနံ့ဟာ ရင်ထိဆွတ်ပျံ့ကြောင်း
အလှတရားဟာ ထာဝရနုပျိုကြောင်း
အမှန်တရားက အမှောင်ကိုခွင်းကြောင်း
ကဗျာက ချော့တဲ့တေးမှာ
ငြိမ်ချမ်းခြင်းကို သား ထပ်ရှာတွေ့ခဲ့ပြီ။
ညီမင်းဝေ
No comments:
Post a Comment