မေတ္တာတရားဟာ
လွန်ဆွဲရင်း ပြတ်သွားတဲ့ ကြိုးလို
လွင်စင်ထွက်ကျလာတဲ့ ဥပေက္ခာတွေက
အမှောင်ကို မိတ်ဖွဲ့ထားတဲ့ အခန်းထဲ
ဒုက္ခပူပူကို ပဲ မှုတ်မှုတ်သောက်နေရ။
စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ပဲ
ဘဝက လှလှပပ ခြောက်သွေ့
ကြောက်ကြောက် ရွံ့ ရွံ့ စိုးထိတ်
တံခါးဆိုတာ
ပိတ်ထားသင့်တဲ့အရာလို့ ကြိတ်မှိတ်မှတ်သားလိုက်ရ။
အပြစ်မရှိပေမယ့် ဝဋ်ကြွေးရှိခဲ့တယ်
ကြင်နာယုယမှုကို ကိုယ်ချင်းစာတရားနဲ့လဲပြီးရခဲ့တယ်
လိုချင်တပ်မက်မှုကို ဆာလောင်ပြီးမှရခဲ့တယ်
ပြီးပြည့်စုံမှုကို နာနာကျင်ကျင် ပြုံးပြတတ်ခဲ့တယ်။
ကြမ်းပြင်ပေါ်က ပန်းအိုးကွဲစတွေမှာ အမှန်တရားကို ရှာဖွေရင်း
ကြေမွသွားတဲ့ စက္ကူစတွေထဲ ရိုးသားမှုကို ရှာဖွေရင်း
ခုတင်ခြေရင်းက
စက္ကူပန်းလေးရဲ့ ရယ်သံတွေလည်း
နွမ်း . . . လျ . . . ခြောက် . . . သွေ့။
ညီမင်းဝေ
No comments:
Post a Comment